ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

ရေနံချောင်း ဧပြီ ၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားကူးစက်မှုမရှိစေရေး ရပ်ကွက်နေအိမ်များရှိ သောက်သုံးရေသိုလှောင်ကန်များ၊ အများသုံးရေကန်များ၊ ရေဝပ်သည့်နေရာများအတွင်း ခြင်ကျား၊ လောက်လန်းနှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခြင်းကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)