တိုက်ကြီး ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ် (၄၈) နှင့် လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း၊ သတင်းအချက်အလက်များနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် ပြုစုထုတ်ပြန်နိုင်ရေးနှင့်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မြေတိုင်း ၄၊ မြေတိုင်း ၅နှင့် လက်ထောက်ဦးစီးမှူး ၂၅၅ ဦးတက်ရောက်ကာ သင်တန်းကာလ ငါးလခွဲကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)