ငဖဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)  စီမံကိန်းဆိုင်ရာ ဆွေးနွေး

ငဖဲ ဧပြီ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းများဆောင်ရွက်ရန်အတွက် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပဒါန်းကျေးရွာအုပ်စု သာစည်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ငုဝါရွှေ က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပဒါ န်း ကျေးရွာ အုပ်စု သာစည်ကျေးရွာ၏ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်း၍ ကဏ္ဍပေါင်းစုံပါဝင်သည့် ဦးစားပေးစီမံချက်များကို ကျေးရွာကော်မတီဝင်များ နှင့် ကျေးရွာသူ/သားများအား ချပြရှင်းလင်းဆွေးနွေးသည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)