စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ကျေးရွာမတည်‌ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ကနီ   ဩဂုတ်  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း စီးပွား‌ရေးကုစားမှူအစီအစဉ်ဖြင့် မိသားစုဝင်​​ငွေ​တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းV​RFP ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ယင်းမာပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသက်မှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီးနောက် ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်မှ ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စီမံကိန်းရရှိသော ကျေးရွာများကို သက်ဆိုင်ရာကျေးရွာ စီမံကိန်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင် ခရိုင်ကျေးလက် ဦးစီးအရာရှိ ဒေါ်အေးအေးသက်တို့မှ ကျေးရွာမတည်ရန်ပုံငွေများ လွဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ စီမံကိန်းလုပ်ငန်းများကို မကြာမီကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။

ဆလိုင်း(ပြန်/ဆက်)