တောင်ဥက္ကလာပမြို့နယ်တွင် အထက်တန်းအဆင့်ကျောင်းများ COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေး

ရန်ကုန်   ဩဂုတ်  

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်() နှင့်  အမှတ်() အခြေခံပညာ အထက်တန်း ကျောင်း များအား COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်း၌ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျဝင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ယုယုခိုင်နှင့် တာဝန်ရှိသူများသည် အထက်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ()ပေခြားထိုင်၍ စာသင်ကြားနေမှု၊ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ထားရှိမှု၊ လက်ဆေးဘေစင်များ ထားရှိမှု၊ COVID-19ရောဂါ သံသယ လက္ခဏာရှိသူ၊ ဖျားနာသူတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားမှု၊ ကျောင်းရှိ လူများအားလုံးအတွက် တစ်နေ့တာသုံးစွဲရန် လုံလောက်သောရေ ရရှိနိုင်ရန် စီစဉ်ထားရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် တတ်စေရန် ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းထက်ထက်အောင်