ပေါက်ခေါင်းမြို့နယ် တောင်နဝင်းဆည် ရေသောက်စနစ်အတွင်း တူးမြောင်းနှင့် လယ်ကြားမြောင်းများ ရေလမ်းကြောင်းရှင်းလင်း

ပေါက်ခေါင်း မေ ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေရယူ၍ နှစ်စဥ်နွေစပါးစိုက်ပျိုးထုတ်လုပ်ကာ နိုင်ငံ့စီးပွားမြှင့်တင်ပေးလျက်ရှိရာ ယခုနှစ်၌ နွေစပါးဧက ၁၁၈၇၃ ဧက စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

နွေစပါးများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် တောင်နဝင်းဆည် ရေသောက်စနစ်အတွင်း တူးမြောင်းနှင့်လယ်ကြားမြောင်းများ ရေစီးရေလာကောင်းမွန်နိုင်စေရေးအတွက် ရေသွားလမ်းကြောင်း ရှင်းလင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)