လှိုင်းဘွဲ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါကာကွယ်ဆေးထိုးနှံ

ဘားအံ မေ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မွေးမြူရေးကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးထိုးလုပ်ငန်းကို မေလ ၅ ရက်နေ့က ရွာသေးအေး မွေးမြူရေးဇုန်နှင့် ကမော့ကချူး မွေးမြူရေးဇုန်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘားအံခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ငယ်အောင်၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူး ဒေါက်တာသီဟနှင့်ဝန်ထမ်းများက အဆိုပါမွေးမြူရေးဇုန်များရှိနွားများ အားကာကွယ်ဆေးများထိုးနှံပေးခဲ့ကြပြီး လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားကူးစက် ရောဂါကာကွယ်ဆေးအား ကျေးရွာအုပ်စု ၃ အုပ်စု၊ အကောင်ရေ ၃၃၀၀ ကောင်အထိ ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)