ဘားအံ မေ ၇
ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် (Training of Trainers)သင်တန်းကို မေ ၅ ရက် နံနက်ပိုင်း က ဘားအံခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးစယဉ်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်၊ခရိုင် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်ဌာနများဖြစ်သည့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့မှ သင်တန်းနည်ပြဆရာများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးပို့ချခဲ့ရာ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများမှဆရာ/ဆရာမများ စုစုပေါင်း (၃၀) ခန့် တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို မေ၅ရက်မှ ၆ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်