ရွှေဘို မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်တွင် ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများကို ရည်မှန်းချက် ပြည့်မီအောင် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ကာလအတွင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်စီမံကိန်းဦးစီးမှူးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦသောင်တင်ထွေးက ခရိုင်အဆင့်ဌာနဆိုင်ရာများအား ခရိုင်၏ ဒေသန္တရစီမံကိန်းတာဝန်များအား ဌာနဆိုင်ရာတာဝန်ရှိ သူများထံပေးအပ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များ၏ ဒေသန္တရစီမံကိန်းတာဝန်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ထွန်းခိုင်