ခန္တီး မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှဇွန်လအထိရက် (၁၀၀) အတွင်း လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်အဖြစ် ဌာနရန်ပုံငွေ(၆၆.၂၅)ကျပ်သန်းဖြင့် ဝက်(၁၀၀) ကောင်နှင့် ကြက်(၇၅၀) ကောင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ သာစည်ရပ်၊ တောင်သူ ဦးမျိုးမင်းကျော့၏ မွေးမြူရေးခြံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာ စကားပြောကြားရာ မိမိတို့ဒေသအတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသနေပြည်သူများ အသား၊ နို့၊ ဥစားသုံးမှုဖူလှုံ စေရန်၊ တစ်နိုင်တစ်ပိုင်ဝက်/ကြက် မွေးမြူရေး ခြံများပေါ်ထွန်းလာစေရန်၊ အာဟာရပြည့်ဝတဲ့ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန များမှ ကဏ္ဍအသီးသီးအလိုက် နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုအောက်မှာ ထောက်ပံ့ဆောင် ရွက်ပေးနေချိန်မှာ ပြည်သူများကလည်း အလေးထားလိုက်ပါဆောင် ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ခိုင်ထွေးက မိမိတို့ဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ခိုင်ထွေးတို့က ဝက်သား ပေါက်နှင့် ကြက်(၁)ယူနစ်အား ပေးအပ်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများက လက်ခံရယူ ခဲ့ကြကာမွေးမြူရေးခြံအတွင်း လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)