ကျွန်းလှ မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၀ နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မကိုင်ဆောင်ရသေးသည့် ပြည်သူများကို ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာလက်ရှိအချိန်အထိ စုစုပေါင်း ၃၃၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယလဝကမှူး ဦးကျော်နိုင်ထွန်းက ပြောသည်။
မျိုးဝင်းညို ကျွန်းလှ