ပခုက္ကူ မေ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဒေါက်တာဌေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က သစ္စာတံတိုင်း ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီးတက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာအသင်းဝင် ဆရာ/ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ တွဲဖက်ဝန်ထမ်းများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မယ်ခွေ