စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်

မုံရွာ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုရေးအခက်အခဲရှိသူများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းကိစ္စရပ်များ၊ အမှုအခင်းကိစ္စရပ်များ လျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်ပြီးလူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုမြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူဆိုတာ လူမှုဝန်ထမ်းဦးစီးဌာနကနေ စနစ်တကျမွေးထုတ်ပေးထားသော လူမှုဝန်ထမ်းသမားတွေကို ဆိုလိုပြီး၊ ဖြစ်ရပ်စီမခန့်ခွဲမှုစနစ်ဟာ လူမှုရေးအခက်အခဲများကို တုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူမှ လူမှုရေးအခက်အခဲရှိသူများနှင့် ဝန်ဆောင်မှုလိုအပ်သူများကို လိုအပ်တဲ့ဆန်းစစ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု အသိပညာပေးမှုများကို ချိတ်ဆက်၍လူမှုရေးလိုအပ်သူ၏ လိုအပ်ချက်၊ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးသည့် နည်းလမ်းတစ်ခုဖြစ်ပြီး လူမှုရေးအခက်အခဲရှိသူများနဲ့ အမှုအခင်းကိစ္စများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသားသင်တန်းသူများအနေဖြင့် သင်ကြားပေးသော ဘာသာရပ်များ သေချာလေ့လောသင်ယူစေကြောင်း၊ လူမှုရေးအခက်အခဲများနဲ့ ပြဿနာများ၊ မှုခင်းကိစ္စရပ်များမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းနှင့်ဖြစ်ပေါ်လာလျှင် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ပူးပေါင်းပြီး စွမ်းစွမ်းတမံထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက UN CRC, Child Rights Law၊ Child Protection၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်/ SOP၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအဆင့် ၆ ဆင့်၊ ရပ်ရွာအတွင်း ဖြစ်ပေါ်နေသောChild Protection Case များအပေါ် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အုပ်စုလိုက်ဆွေးးနွေးတင်ပြခြင်းစသည့် ဘာသာရပ်များကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ကြက်ခြေနီစသည့်လူမှုရေးအသင်းအဖွဲ့ဝင်များပါဝင်သော သင်တန်းသားသင်တန်းသူ (၃၅) ဦးအား မေလ ၇ ရက်နေ့မှ (၉)ရက်နေ့အထိ သင်တနိးကာလ သုံးရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)