ဒဂုံ(အရှေ့) မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Football For School Program အရ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားကွင်း၌ ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းအား သင်တန်းသား ၇၀ ဦး၊ သင်တန်းနည်းပြ ( ၃ )ဦးဖြင့် မေလ ၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ ဖွင်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘောလုံးသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘောလုံးဝါသနာပါသူ သင်တန်းသား ၇၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အေးမဉ္ဇူ