နွေရာသီကာလ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ စျေးကောင်းရရှိ

လိပ်သို မေ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နွေရာသီကာလ ကွမ်းကြမ်းခူးယူ ရောင်းချရာ၌ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ဒေသတွင်းရှိ ကွမ်းစိုက်တောင်သူများမှာ မိမိတို့၏ ဉယျာဉ်ခြံများတွင် ကသစ်ပင်များနှင့်တွဲဖက်၍ ကွမ်းရွက်ပင်များ စိုက်ပျိုးလျက်ရှိပြီး ကွမ်းပင်များ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ရေလိုအပ်ချိန် ရေတင်ခြင်း၊ နွယ်ပင်ဖြစ်သောကြောင့် ကွမ်းရွက်ပင်စည်နှင့် ကွမ်းအညွှန့်များအားက သစ်ပင်များနှင့် တွဲ၍ချည်ပေးခြင်း၊ အပင်ဖြစ်ထွန်းမှု အားကောင်းစေရန်အတွက် ကွမ်းပင် အခြေများအား ပေါင်းရှင်းပေးခြင်းတို့ကို လုပ်ဆောင်ပေးရသည်။

လိပ်သိုဒေသထွက် ကွမ်းကြမ်း တစ်ထုပ်လျှင် အထုပ်အရွယ်အစားပေါ်မူတည်၍ ကျပ် (၂၅၀၀) မှ (၃၀၀၀) နှင့် အထုပ် (၄၀) ပါ အချိန်တစ်ဆယ်လျှင် ကျပ် (၈၀၀၀ဝိ/-) မှ (၁၂၀၀၀ဝိ/-) အထိ ဈေးရရှိကြောင်း၊ ဒေသထွက် ကွမ်းရွက်များမှာ နွေရာသီတွင် အထွက်နှုန်းနည်းသဖြင့် စျေးကောင်းပိုရကြောင်း သိရသည်။

နော်ဖလောရင်း