ဗိုလ်တထောင် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက်၉နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က အမှာစကားပြောကြားပြီး အစိုးရသစ်ရက် (၁၀၀) စီမံချက်အောင်မြင်ရေး လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည်များဆောင်ရွက်ပေးကြရန်ပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိမြို့နယ် (၅)မြို့နယ်မှ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများအား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင် သိရသည်။
ခင်ဝင်း( ပြန် /ဆက် )