ဗိုလ်တထောင် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုကို မေ ၉ ရက် မွန်းလွဲ၂နာရီက မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းဓမ္မာရုံ၌ ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပထမဦးစွာ မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာာရာဘိဝံသမှ ဩဝါဒစကားမိန့်ကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အေးချမ်းမိုးက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းရှိဆရာတော်၊ သံဃာတော်၊ ကိုရင်များစုစုပေါင်း(၄၅) ပါးတို့အား စေတနာဖြင့် သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ ခေါင်းကိုက်၊ ဇက်ကြောထိုး၊ လေထိုးလေနာ၊ ဒူးနာ၊ ခါးနာဝေဒနာရှင် သံဃာတော်များ၊ ကိုရင်များအား လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)