အလုံ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး အလုံမြို့နယ်၌ Football For School Programme အရ ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ယမန်နေ့ ညနေပိုင်းက လာရောက်ကြည့်ရှုသည်။
ထို့နောက်လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဘောလုံးသင်တန်းတက်ရောက်နေကြသည့် သင်တန်းသားများအား အားပေးစကားပြောကြားပြီးနောက် သင်တန်းသားများအတွက် သင်ထောက်ကူပြုအားကစားပစ္စည်းများပေးအပ်သည်။
အဆိုပါ သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား လူမှုရေးဝန်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကုဋေထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်းသန်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်ဇင်မျိုးထွန်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာထွန်း၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မင်းသန်းနှင့် ခရိုင်အားကာမှူး ဒေါ်ဖြိုးပိုပိုထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးပြည့်စုံ၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ မြို့နယ်အားကစားမှူးဒေါ်စုစုခင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ယောဧရာ (မြို့နယ်ပြန်/ဆက်)