ကော့မှူးတွင်ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကော့မှူး မေ

အားကစား‌ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Piolot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့်ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် မြို့သစ်ရပ်ကွက် အောင်ဇမ္ဗျုအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။   ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်း၊ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းတို့က ဘောလုံးသင်တန်းတွင်  နည်းပြများ၏သင်ကြားပြသမှုများကို ကြိုးစားသင်ယူကြရန်နှင့် သင်တန်းဖွင့်ရက်များတွင် အချိန်မှန်မှန်တက်ရောက်နိုင်ရေးစသည့်လိုအပ်သည်များကို သင်တန်းသားများအား မှာကြားခဲ့ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟ၊ မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများသင်တန်းသားများအား လိုက်လံနှုတ်ဆက်ကြပြီး အားဖြည့်အချိုရည်နှင့်မုန့်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဘောလုံးသင်တန်းကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင် လူငယ်များ(၅၀) တက်ရောက်ကြပြီးသင်တန်းကို (၁၄)ရက်ကြာ‌ နေ့စဉ်ညနေ(၅)နာရီမှစ၍ နေ့စဉ် သင်ကြပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ကျော်သူရ (ပြန်/ဆက်)