ရွှေတောင် မေ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ရင်းနှီး မြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးက စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်လွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)