ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ

ကွမ်းခြံကုန်း မေ ၉  

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက အမှာစကားပြောကြားပြီး ဆရာဦးအံ့ဟိန်းတေဇက အမှတ်ပေးစည်းမျဉ်းအကြောင်းအရာများနှင့် သင်ကြားပေးထားသည့်စာများအား စဉ်ဆက်မပြတ်လေ့လာကြရန် မှာကြားခဲ့သည်။

ထိုနောက် ပထမဆုရရှိသူ မခင်နှင်းသန့်အားလည်းကောင်း၊ ဒုတိယဆုရရှိသူ ဆုမြတ်အိနြွေအားလည်းကောင်း၊ တတိယဆုရရှိသူ လင်းရတီထွန်းနှင့် အထူးဆုရရှိကြ‌သော မအေးနန္ဒာထွန်း၊ မစုမြတ်နဒီ၊ မယွန်းဝတီတို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲပြီး ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက သင်တန်းဆရာအား ဂါရဝပြုလက်ဆောင်ချီးမြှင့်ကာ ဆုရရှိသူကျောင်းသား/ကျောင်းသူများနှင့် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)