ပဲခူး မေ ၉
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏လမ်းညွှန်မှုနှင့်အညီ ပဲခူးတိုင်းဒေသကြီး(YMBA)အသင်းမှဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ကျောက်ကြီးစုရပ်ကွက်ဓမ္မာရုံ၌ နွေရာသီ(၃၈)ဖြာမင်္ဂလာနှင့် မဟာဗုဒ္ဓဝင်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး(YMBA)အသင်း တွဲဘက်ဥက္ကဋ္ဌ၊ မင်္ဂလဓမ္မဇောတိကဓဇဦးလူဖေဝင်းနှင့် တိုင်းဒေသကြီးအမှုဆောင်များ၊ ပဲခူးခရိုင်အသင်းနှင့် ပဲခူးမြို့နယ်အသင်းအမှုဆောင်များ၊ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းအား မေလ(၉)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ သင်တန်းသား၊သင်တန်းသူ (၅၀)ဦးတက်ရောက်ကြပြီး အလှူရှင်များက နေ့စဉ်အာဟာရလှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)