ဒိုက်ဦး မေ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကမာဖရုံကျေးရွာ၊ သောဘိတရာမကျောင်းကြီးကျောင်းတိုက်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service နေ့ချင်းပြီး ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ယနေ့ နံနက် ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေး ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာနေရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဝေလင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးလှမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးထက်ကျော်(ပြန်/ဆက်)