စေတုတ္တရာ မေ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို စေတုတ္တရာမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးတွင် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးမိုးတင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ဝန်ထမ်းများက ဆိုင်းဘုတ်ကို အမွှေးနံ့သာ ပက်ဖျန်းခြင်းနှင့် ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို အတူတကွ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါရုံးဖွင့်လှစ်မှုသည် ဒေသခံပြည်သူများနှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ် ကြောင်းနှင့် ပြည်သူ့အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆန်းကိုကို (ပြန်/ဆက်)