ရေဦး မေ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ငါးရပ်နှင့်ကျေးရွာအုပ်စုနှစ်အုပ်စုရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်၀ယ်ကိုင်ဆောင်နိုင်ရေး ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၀န်ထမ်းများက မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးဗိုလ်အောင်ဇေယျရပ်ကွက် အထက(၂)ဘိုးရာဇာခန်းမတွင် နိုင်ငံသားစိစစ်ရေးကတ်တစ်ကြိမ်တစ်ခါမျှမပြုလုပ်ရသေးသည့် အသက်(၁၀)ပြည့်ပြီးသူများ၊ သတ်မှတ်အသက်အလိုက် နိုင်ငံသားစိစစ် ရေးကတ်ပြားလဲလှယ်ပေးခြင်း၊
အိမ်ထောင်စုလူဦးရေစာရင်းအသစ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုပြောင်းရွှေ့လိုခြင်း၊ မွေးတိုးထည့်ပေးခြင်းနှင့် ပျောက်ဆုံးပျက်ဆီးခြင်းများကိုလည်း အထောက်အထားခိုင်လုံမှုရှိပါက အမြန်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ ရေဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး )