မြဝတီ မေ ၉
ကရင်ပြည်နယ်၊ မြဝတီမြို့ သန့်ရှင်းသာယာလှပစေရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက် (၇:၀၀) အချိန်မှ စတင်၍ တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြဝတီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ အဖွဲ့ဝင်(၂) ဦးအောင်မျိုးထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော် ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး တို့ကအမှတ် (၄)ရပ်ကွက်ရှိ တောရဘုန်းတော်ကြီး ကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝန်းအတွင်း အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်သည့် အထူးသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ နိုင်ငံတော်မှစက်သုံးဆီ ခွဲဝေဖြန့်ဖြူးရောင်းချသည့် PO စနစ်ဖြင့် ရရှိသော စက်သုံးဆီများ ရောင်းချနေသည့် အမှတ်(၄) ရပ်ကွက် အာရှလမ်းမကြီးရှိ PTT ဆီဆိုင်၊ အမှတ် (၁) ချစ်ကြည်ရေးတံတာလမ်းရှိ PTT ဆီဆိုင်နှင့်ဖားချောင်းကျေးရွာရှိ PTT ဆီဆိုင်များမှ မော်တော် ယာဥ်မှတ်ပုံတင်သက်သေခံ လက်မှတ် QR ကုတ်စနစ်ဖြင့် စက်သုံးဆီရောင်းချနေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။
အလားတူ မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု သင်္ဃန်းညီနောင် ကျေးရွာရှိခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မြို့မိမြို့ဖ ဦးသန်းရွှေ ဦးဆောင်၍ ကျောင်းအမိုး၊ အကာ၊ မျက်နှာ ကြက်များ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရေ၊ မီးအသုံး ပြုနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)