မှော်ဘီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ

မှော်ဘီ မေ ၇

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီကျောင်း ပိတ်ရက်များတွင် ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြက်သောလူငယ်၊ လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ကျင်ပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်​ရေးရာအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက လူငယ်များ ငယ်ရွယ်စဉ်ပညာသင်ချိန်၌ ရွေးချယ်ရမည့် နည်းလမ်းနှစ်သွယ်အနက် ပထမတစ်လမ်းကတော့ လျှောက်ကိုလျှောက်ရမဲ့လမ်းဖြစ်ပြီး ဒုတိယတစ်လမ်းကတော့ ကိုယ်လျှောက်ချင်တဲ့လမ်းဖြစ်ပါကြောင်း ကိုယ်လျှောက်ချင်တဲ့လမ်းကို လှလှပပ လျှောက်လှမ်းနိုင်အောင် ငယ်ရွယ်စဉ် ပညာသင်ကြားစဉ်ကာလကပင် မိမိတို့ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်တဲ့အလုပ်တစ်ခုကို ဇွဲရှိရှိနဲ့ ကြိုးစားဆောင်ရွက်ကြစေရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့ရာပြိုင်ပွဲများ၌ ဆုရရှိသူ ပြိုင်ပွဲဝင်လူငယ်များအား ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးနှင့် ဒေါ်စိုးစိုးသင်းတို့က ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်ပြပွဲ သုတ/ရသစာအုပ်စာစောင်ပြပွဲများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်