မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေနုတ်မြောင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ  ဩဂုတ်  ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးတွင်းကာလရေစီးရေလာ ကောင်းမွန် စေရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေမြောင်း များ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁)ဦးရဲဆင့်၊ မြို့နယ် စည်ပင်မှ လက်ထောက်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်ရေစီးရေလာတာဝန်ခံ (ရွေပေါက်ကံ)မှ တာဝန်ရှိသူများက ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ ပုဂံလမ်းမကြီး၊ (၁၅) ရပ်ကွက်ခွဲတွင် ​ဆောင်ရွက်နေသည့် အရှည်(၁၅၀၀)ပေ၊ အကျယ်(၅)ပေ၊ အမြင့် (၅)ပေ(၉)လက်မရှိ အုတ်စီရေမြောင်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေမြောင်းများပြုလုပ်ရာတွင် ရေမြောင်းနှင့် မလွတ်ကင်းသည့် အဖီအဆွယ်များ ရှင်းလင်းနိုင်ရန်နှင့် စက်မှုဇုန် ရေထွက်ပေါက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်တို့ကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)