ကျောက်တလုံး မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် စာအုပ်များအလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ရသစာအုပ်များကို ပြည်သူများအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဖြင့် လစဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေးလုပ်ငန်းများကိုလည်း အစဉ်တစိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း