မိုးနဲမြို့၌ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးနဲ မေ ၁၁

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(လွိုင်လင်)မှ  အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံချက်အရ ပြည်သူများအတွက်အဓိကျသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၉ ရက် နံနက်ပိုင်းက မိုးနဲမြို့နယ်(OSS)ရုံးတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး‌ဟော‌ပြောခြင်း၊ “သ”အမောင်းသင်လိုင်စင်အသစ်ပြုလုပ်ပေးခြင်း၊‌ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်းကို ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ဝင် ၁၀ ဦးတို့က လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)