သာယာဝတီ သြဂုတ် ၅
သာယာဝတီမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးစောင့် ရှောက်ပေးမှုဖြင့် မြို့မစျေးအတွင်း စျေးဆိုင်များတွင် စားသုံး ရန် မသင့်သော ပစ္စည်းရောင်းချမှုများ မရှိစေရန် သြဂုတ်လ ၅ ရက် နေ့လည် ၁နာရီကကြည့်ရှုစစ်ဆေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးခင်မောင်အေးး၊ ဒုကြီးကြပ်ရေးမှူး ဒေါ်စိန်ထွေးနှင့် မြို့နယ်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ အဖွဲ့တို့ပူးပေါင်းပြီး စျေးအတွင်း၌ မုန့်ဆိုင်ကြီးများတွင် သက်တမ်း လွန်မုန့်များ မရောင်းရန်နှင့် သတ် မှတ်ရက်စွဲများ တပ်ဆင်ထားသော မုန့်များသာရောင်းရန်၊ ရောင်းချရန် မသင့်သော မုန့်အမျိုးအစားများကို ရှင်းလင်း ပြောကြားပြီး အချိုရည် ဘူးများကို နေပူတွင်မထားရှိစေရန် နှင့် ကင်ဆာရောဂါဖြစ်ပွားနေခြင်းအားပြောကြားသည်။
ဆက်လက်၍ဆေးဝါးအရောင်းဆိုင်များတွင် တားမြစ်ဆေးဝါးများ၊ စပ်ဆေး၊ သက်တမ်းလွန် ဆေးဝါးများ မရောင်းချရန်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကုန်ခြောက်ဆိုင်ကြီးများ၌ ဆိုးဆေးများ လွန်ကဲစွာပါဝင်မှုမရှိ စေရန်၊ ယင်မနားဆေးအသုံးမပြုရန်၊ ပလတ်စတစ် များဖြင့် ဖုံးအုပ် ရောင်းရန်၊ ဓာတုဆိုးဆေးများ မရောင်းချရန်နှင့်ခြင်ဆေးခွေ၏ဆိုးကျိုးများ၊ သား၊ ငါးဆိုင်များတွင် သားငါးများအား သန့်သန့်ရှင်းရှင်း ပြု လုပ်ရောင်းချရန် မှာကြားသည်။
အဆိုပါအဖွဲ့က ယခုကဲ့သို့စစ်ဆေးခြင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဂရုစိုက်စောင့် ရှောက်ပေးသည့်အတွက် အသိပညာ ပေး တားမြစ်ခြင်းဖြစ်ကြောင်း ဖြစ်ကြောင်းသိရသည်။
သန့်ဇော်(ပြန်/ဆက်)