မိုးနဲ မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အီးအမ်ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် သုံးစွဲပုံသုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက ယမန်နေ့တွင် နမ့်မော်ဆွမ့်ကျေးရွာ တောင်သူ ဦးစိုင်းသန်းထွန်း၏ လယ်မြေနေရာ၌ လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများရရှိလာနိုင်စေရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များရရှိလာနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကိုသိရှိနိုင်စေရန်အတွက်လည်းကောင်းရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေးလက်တွေ့ပြသဆောင်ရွက်ရခြင်းဖြစ်ပြီး လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အီးအမ်ဘိုကာရှီသဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်နည်းပညာပေးသရုပ်ပြ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)