တွံတေး ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်းလင်းပွဲနှင့် ဌာနဆိုင်ရာများ တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟက အမျိုးသားလွှတ်တော် အတွေ့အကြုံများရှင်းလင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် ဒေါ်စုစုမင်းတို့က မိတ်ဆက်၍တိုင်းဒေသကြီးလွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က အဖွင့်အမှာစကားပြောကြားရာတွင် တွံတေးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ မြို့/ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာဖွဲ့စည်းမှု၊ အိမ်ခြေအိမ်ထောင်စုလူဦးရေ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ခန့်အပ်ပြီးစီးမှုအခြေအနေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံနှင့်အင်အားစာရင်းကို ပရိုဂျတ်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး