ဖာပွန် သြဂုတ် ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့်အနေဖြင့် ဆေးထိုးရန်လာရောက်သည့် ကလေးမိခင်များအား နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ ကလေးမိခင်များအား စနစ်တကျလက်ဆေးပြီးမှ ဆေးခန်းအတွင်း ဝင်ရောက်စေခြင်း၊ ဆေးထိုးဆေးတိုက်ခြင်းကို ကလေးတစ်ဦးပြီးမှတစ်ဦးဆောင်ရွက်ခဲ့ကြောင်း၊ လူစုလူဝေးမဖြစ်စေရန် တစ်နေ့လျှင် တစ်နာရီခြားတစ်ကြိမ်စီဖြင့် ကလေး (၃၀) ဦးကိုသာ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်စန်းစန်းအေးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
တိုးဝေဇင်(ပြန်ဆက်)