ပြည်သူများအား မဲစာရင်းတွင် မိမိအမည်ပါ/မပါ သက်ဆိုင်ရာကော်မရှင်ရုံးများ၌ သွားရောက်ကြည့်ရှုရန် ပြည်မြို့အရပ်ဘက် ပရဟိတအဖွဲ့များက လက်ကမ်းစာစောင်များဖြန့်ဝေ၍ နှိုးဆော်

ပြည်   သြဂုတ်  ၅

ပြည်မြို့ရှိ သက်ဆိုင်ရာရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြော်ငြာကပ်ထားသည့် မဲစာရင်းတွင် မိမိတို့အမည်ပါ/မပါ သွားရောက်ကြည့်ရှုရန် ပြည်သူများအား အရပ်ဘက်ပရဟိတလူမှုအဖွဲ့များက လက်ကမ်း စာစောင်များ ဖြန့်ဝေ၍ လိုက်လံအသိပေးနှိုးဆော်လျက် ရှိကြောင်းသိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်မြို့နယ်မှ မဲဆန္ဒရှင် ပြည်သူများအား မိမိတို့ကြိုက်နှစ်သက်ရာ ပါတီကို မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆန္ဒမဲပေးခြင်း ဆိုင်ရာ အသိပေးနှိုးဆော်သည့် လက်ကမ်း စာစောင် များကို   လူစည်ကားရာ နေရာများ ဖြစ်သော စည်ပင်သာယာမြို့မစျေးကြီးနှင့် ကမ်းနားလမ်းရှိတောစျေးတန်းတို့တွင် သြဂုတ် ၅ ရက် ယနေ့နံနက် ၁၀နာရီက ဖြန့်ဝေခဲ့ကြောင်း ပြည်မြို့ မဲစာရင်းကူညီရေးပရဟိတအဖွဲ့မှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)