ကြို့ပင်ကောက်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီတွင် အများပြည်သူစိုက်ပျိုးရန် ပျိုးပင် ၄၀၀၀၀ ပျိုးထောင်ထား

ကြို့ပင်ကောက် မေ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်သစ်‌တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီတွင် အများပြည်သူစိုက်ပျိုးရန် ပျိုးပင်ပေါင်း ၄၀၀၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။

ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်း စသောသဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့်ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပန်းပိတောက်၊ ခရေ၊ကံ့ကော်၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ မန်ဂျန်ရှား၊ ကြောင်လျှာ၊ သခွပ်၊ ပေါက်ပန်းဖြူစသည့်ပျိုးပင်ပေါင်း ၄၀၀၀၀ ကို နည်းလမ်း ကိုးသွယ်ဖြင့်ဖြန့်ဝေစိုက်ပျိုးသွားရန် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီအရာရှိ ဦးတင်မြတ်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)