ကျိုက်မရောမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့တွင်းလမ်းများ အသစ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကျိုက်မရော မေ ၁၃

ကျိုက်မရောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့ရွာများ  သာယာလှပရေးအတွက်  မြို့တွင်းလမ်းများ အသစ်ဖောက်လုပ်ခြင်းကို ယမန်နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အထရံရပ်ကွက်ရှိ ​ ဗောဓိတစ်ထောင်လမ်းသွယ်ကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းသစ်မှာ အရှည် ၈၇ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ခန့်မှန်းကုန်ကျငွေ ၅၂ သိန်းခြောက်သောင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ရှင်စောပုရပ်ကွက်ရှိ ဗညားနွဲ့လမ်းအား လမ်းပခုံးကွန်ကရစ် ချိတ်ဆက်ခင်းခြင်း ၆၉၀ ပေ၊ အကျယ်၂ ပေခွဲ၊ အမြင့်၆လက်မ၊ ခန့်မှန်း ကုန်ကျငွေ ၉၅ သိန်း ၅ သောင်းဖြစ်ပြီး အဆိုပါလမ်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည်ရှုမှာကြားခဲ့ကြောင်း  သိရသည်။

မြို့နယ် (ပြန်/ဆက်)