ရွှေတောင်မြို့နယ်တွင် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြ

ရွှေတောင် မေ ၁၃

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာနှင့် မီးလောင်ကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာ၊ ကိုးတွင်းစင်ကျေးရွာတို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို မေ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် "သဘာဝမြေသြဇာ EM ဘိုကာရှီ" မြေဆွေးပုံ ပြုလုပ်အသုံးပြုနည်း လက်တွေ့သရုပ်ပြ၍ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတော်မှ ပံ့ပိုးကူညီနေမှုတို့အား ဆွေးနွေးဆောင်ရွက်ပြီး  ဓါတ်မြေသြဇာသုံးစွဲမှုလျှော့ချရေး၊ သဘာဝမြေသြဇာ ပြုလုပ်၍ ပိုမိုသုံးစွဲရေး၊ နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများအား သဘာဝမြေသြဇာအဖြစ်စေရေး ရှင်းလင်းခဲ့သည်။

ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု (၄၈)  အုပ်စုတို့မှ"သဘာဝမြေသြဇာ EM ဘိုကာရှီ" (၆x၄"x၃") (၁၆၂၀၀) ပုံပြုလုပ်၍ မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)