ရွှေတောင် မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ (ရွှေတောင်) မှဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်ချေးငွေအကြံပေးရေးအဖွဲ့) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြာပြီး (မြို့နယ်ချေးငွေအကြံပေးရေးအဖွဲ့) အတွင်းရေးမှူး ဦးဝင်းကျော်က ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း (၁၀၀) စီမံချက်ဖြစ်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (မြို့နယ်ချေးငွေအကြံပေးရေးအဖွဲ့) ဥက္ကဋ္ဌမှ ဒေသခံတောင်သူများသို့ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)