သံတောင်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်

သံတောင်ကြီး  သြဂုတ် ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်မှစ၍ ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံ၊ တိုက်ကျွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ချမှတ်ထားသော စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြပြီး အသက် ၁ နှစ်ခွဲအောက်ကလေးများကို ဘီဂျီစီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုပ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုးသိုး စသည့် ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ပေါ် ရပ်ကွက် (၅) ရပ်ကွက်၌ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးသည့် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်စုစုပေါင်း (၇၀)ဦးရှိကြောင်း သားဖွားဆရာမ ဒေါ်နော်ဆဲနေဖောထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)