ချောင်းဆုံ မေ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်သစ်ကျေးရွာ အကွက်(၁၀) ထောင်ကုန်း၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့် လုပ်ငန်းအဖွဲ့များမှ မေ ၁၃ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ကျေးရွာမြေငှားဂရန်ရရှိရေးဆောင်ရွက်ပေးမည့်အခြေအနေနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ဇော်က ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုက်သစ်ကျေးရွာ ကွင်းအမှတ် (၇၇၉)(ခ) ကော့တာ(ခ)ကွင်းရှိ မြေဧရိယာ ၃ ဒသမ ၄၉ ဧကအတွင်း အိမ်ခြေ ၂၈ အိမ်အား ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)