မုံရွာ မေ ၁၃
၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၆-ခုနှစ်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အသင်းနှင့် ကန့်ဘလူမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ စစ်ကိုင်းမြို့နယ်အသင်းမှ ကန့်ဘလူမြို့နယ်အသင်းအား ၂ ပွဲ - ၁ ပွဲဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အမျိုးသား၊အမျိုးသမီး အားကစားသမားများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသမီး တတိယဆုရ စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက အမျိုးသား တတိယဆုရ ဆားလင်းကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေ ကျပ် - ၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက အမျိုးသမီး ဒုတိယဆုရ မုံရွာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၃ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က ဒုတိယဆုရ ကန့်ဘလူမြို့နယ် အမျိုးသား အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၃ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီး ပထမဆုရ ချောင်းဦးမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် - ၅ သိန်း၊ တံခွန်စိုက်ဆုနှင့် အမျိုး သား ပထမဆုရ စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် - ၅ သိန်းနှင့် တံခွန်စိုက်ဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်