ကဝမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကဝ မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးအောင်ဇော်ဦးက  ချေးငွေထုတ်တောင်သူများအား သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အကြေအလည် ပေးဆပ်ပြီးဖြစ်သည့် ကဝမြို့နယ်၊ ဘုမ္မစိုးကျေးရွာအတွင်းမှ တောင်သူ (၁၉၃)ဦးအတွက် တစ်ဧကလျှင် (၃၀၀၀၀၀)ကျပ်နှုန်းဖြင့် ဧက (၁၃၀၈)ဧကအတွက် စုစုပေါင်းငွေကျပ် (၃၉၂၄၀၀၀၀၀) သုံးထောင့်ကိုးရာနှစ်ဆယ်လေးသိန်းကျပ်ကို တောင်သူများ လက်ဝယ်သို့ ထုတ်ချေးပေးခဲ့ပြီး ချေးငွေထုတ်ချေးသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)