ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ကံမမြို့နယ်မှ ရေယာဉ်ကူးတို့လိုင်းများအား ကွင်းဆင်းစစ်ဆေး

ကံမ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လေလံရောင်းချထားသည့် ကူးတို့လိုင်းများအနေဖြင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် ရာသီဥတုဆိုးရွားချိန်တွင် ရေယာဉ်ကူးတို့လိုင်းများ ပြေးဆွဲခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္က ဦးဝင်းမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် စက်လှေများပေါ်၌ သတ်မှတ်ထားသည့် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘော၊ အသက်ကယ်ဝါးများ၊ မီးသတ်ဆေးဘူးများထားရှိရန်နှင့် ရေယာဉ်မောင်းနှင် ရာတွင် ကျွမ်းကျင်လုပ်သားများဖြင့်သာ မောင်းနှင်ကြရန်၊ ကူးတို့လိုင်းများအနေဖြင့် ရေယာဉ်ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုရန်၊ ရာသီဥတုဆိုးရွားချိန်တွင် ‌ရေယာဉ်ကူးတို့လိုင်းများ ပြေးဆွဲခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)