မြဝတီမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေပြည်သူများတွေ့ဆုံ

မြဝတီ မေ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ Citty Home ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြဝတီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်တို့နှင့် အမှတ် (၄)ရပ်ကွက်ရှိ ပြည်သူများက တွေ့ဆုံပြီး ရပ်ကွက်နေပြည်သူများမှ ဆောင်ရွက်ပေးစေလိုသည့်အချက်၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် သိရှိစေလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)