ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စေတနာ့ဝန်ထမ်းလူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

ဘီးလင်း မေ ၁၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော်က သင်တန်းဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

 အဆိုပါ စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သားသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၆၀ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၀ ဦးတို့က ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များကို ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)