ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းသား/သင်တန်းသူများအား ကျန်းမာရေးအခမဲ့ဆေးကုသစောင့်ရှောက်‌ပေး

ပုဇွန်တောင် မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်း သင်တန်းသား/သင်တန်းသူများအား  ကျန်းမာရေးအခမဲ့ဆေးကုသစောင့်ရှောက်‌ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဝင့်က ရာသီဥတုအပြောင်းအလဲများတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများဖြစ်ပွားမှုပျောက်ကင်းအောင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် အသိပညာပြောကြားခဲ့ပြီး သင်တန်းသူ/သင်တန်းသားများအား  ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပေး၍ ဆေးကုသစောင့်ရှောက်ပေးခြင်းကို ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနအနေဖြင့် ပြည်သူများအား နေ့စဉ်အခမဲ့ ဆေးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်