အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများ၊ တပ်ရင်းမိသားစုဝင်များ၊ ပြည်သူများ လှိုက်လှဲစွာကြိုဆို

လှိုင်းဘွဲ မေ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ အမှတ်(၂၀၃) ခြေမြန်တပ်ရင်းမှ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီခွဲ၌    ထီလုံကျေးရွာအတွင်းရှိ အမှတ် (၂၀၃) ခြေမြန်တပ်ရင်းရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါ ကြိုဆိုပွဲ အခမ်းအနားကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုး၊ အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် အရာရှိ၊ အရာခံအကြပ်စစ်သည်များ၊ တပ်ရင်းမိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တိုင်းရင်းသားပြည်သူများက စုပေါင်း၍ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)