ဝေါ မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီခွဲအချိန်မှစ၍ ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောင်စာရင်းများထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) ဧကဒဿမတန်း (GRADE-11) တန်းအထိ အခြေခံပညာကျောင်းများနှင့် GRADE-5 နှင့် GRADE-9 စာစစ်ဌာနများတွင် အတန်းလိုက်အောင်စာရင်းများကိုထုတ်ပြန် ကြေညာပြီးသက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အာကာ (ပြန်/ဆက်)