မှော်ဘီ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က စာပေချစ်မြတ်နိုးသူ Book Clup အသင်းဝင်လူငယ်များနှင့် စာရေးဆရာနတ်ရှင်ရွှေဂူ ရေးသားသော "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်နှင့်စာဖတ်ဝိုင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးသင်းက စာပေမြတ်နိုးသူ လူငယ်များအနေဖြင့် စာကြည့်တိုက်သို့ရောက်ရှိခိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ကြားထားပါမှ အသိပညာဗဟုသုတများ တိုးပွားလာမှာ ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးသင်းက စာရေးဆရာနတ်ရှင်ရွှေဂူ ရေးသားသော"အနာဂတ်ကိုမျှော်တွေးပါ"စာအုပ်မှအနာဂတ်ကိုမျှော်တွေးပါ ဆောင်းပါးပါ အနာဂတ်ကိုမျှော်တွေးပြီး ပစ္စုပ္ပန်မှာအလုပ်လုပ်ပါမှ တစ်နေ့လုပ်တစ်နေ့စားဘဝမှ လွတ်ကင်းမှာဖြစ်ပါကြောင်း ချမ်းသာသူပဲဖြစ်ဖြစ်၊ ဆင်းရဲသူပဲဖြစ်ဖြစ် ဘာကြောင့်ဆင်းရဲ နေရတာလဲ၊ ဘာကြောင့်ချမ်းသာနေတာလဲဆိုတာကို တွေးဖို့လိုပါကြောင်း ချမ်းသာသူတိုင်းကို အားကျနေစရာမလိုသလို ဆင်းရဲသူတိုင်းလဲ အားငယ်ရန်မလိုပါကြောင်း ရိုးသားကြိုးစားပြီး ဘဝကိုအကောင်းဆုံးဖြစ်အောင် နေထိုင်ရမှာ ဖြစ်ကြောင်း ဖတ်ကြား ဆွေးနွေးခဲ့ သည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများ၌ အကောင်းဆုံး ဆောင်ရွက်နိုင်သူ ပြိုင်ပွဲဝင်လူငယ်များအား ဒုတိယဦးစီးမှူး ဒေါ်ဒေါ်စိုးစိုးသင်းနှင့် ဝန်ထမ်းများက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြသထားမှုအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ရာ စာစောင်ပါ အကြောင်းအရာများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြား ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(မြို့နယ်/ပြန်ဆက်)